အပြန်အလှန်သွင်းဂိုးတွေနဲ့ မြန်မာအသင်း စင်္ကာပူအသင်းကို ရှုံးနိမ့်

မြန်မာ့လက်ရွေးစင်အသင်းနဲ့ စင်္ကာပူလက်ရွေးစင်အသင်းတို့ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက ၃ ဂိုး ၂ ဂိုးရလ‌ဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ စင်္ကာပူလက်ရွေးစင်အသင်းတို့ စင်္ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၄ မိနစ်မှာ မောင်မောင်လွင်က သွင်းယူပေးနိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရတာာကြောင့် ပထမပိုင်း ပြီးချိန်မှာ တစ်ဖက် (၁) ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာ စင်္ကာပူခြေစွမ်းပိုမိုကောင်းမွန်လာပြီး ပွဲကစားချိန် ၄၉ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပါတယ် ပွဲကစားချိန် ၆၆ မိနစ်အရောက်မှာတော့ ဒီ‌နေ့ပွဲစဥ်မှာ ခြေစွမ်းပြနေတဲ့မြန်မာအသင်းခေါင်းဆောင် … Continue reading အပြန်အလှန်သွင်းဂိုးတွေနဲ့ မြန်မာအသင်း စင်္ကာပူအသင်းကို ရှုံးနိမ့်